ခိတနိုတန်းမန်းဂူး
ခိတနိုတန်းမန်းဂူး Kitano Tenmangū 北野天満宮 | |
---|---|
The honden, or main building. | |
အချက်အလက်များ | |
တည်နေရာ | Hakuraku-chō, Kamigyō-ku, Kyoto |
ကိုဩဒိနိတ် | 35°01′52″N 135°44′07″E / 35.03111°N 135.73528°Eကိုဩဒိနိတ်: 35°01′52″N 135°44′07″E / 35.03111°N 135.73528°E |
ဘာသာရေး နှီးနွယ်မှု | Shinto |
နတ်ဘုရား | Sugawara no Michizane |
ပွဲတော် | Reitaisai (August 4th) |
နိုင်ငံ | ဂျပန်နိုင်ငံ |
ဝက်ဘ်ဆိုဒ် | kitanotenmangu.or.jp |
ဗိသုကာ | |
ဗိသုကာ စတိုင် | Gongen-zukuri |
စတင်သည့်နှစ် | 947 |
ခိတနိုတန်းမန်းဂူး (北野天満宮, Kitano-Tenmangu) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ခမိဂယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းတိုးနတ်ကျောင်းတစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]နတ်ကျောင်းကို ၉၄၇ ခုနှစ်တွင် ဗျူရိုကရက်၊ ပညာရှင်နှင့် ကဗျာဆရာဖြစ်သူ ဆဂုဝရနိုမိချိဇနဲ၏ ဒေါသဝိညာဉ်ကို နှစ်သိမ့်ရန်အတွက် ပထမဆုံးအဖြစ် တည်ဆောက်ခဲ့သည်။ ၎င်းသည် ဖုဂျိဝရစစ်ပွဲတွင် ရန်သူများ၏ နိုင်ငံရေးအရအသာစီးရစေရန် ဆောင်ရွက်မှုဖြင့် ပြည်နှင်ခြင်း ခံခဲ့ရသည်။
ကျောင်းတော်သည် ဟဲအိအန်ခေတ်ကာလအစောပိုင်းအချိန်များတွင် နန်းတော်၏ အလေးထားခြင်း ခံခဲ့ရသည်။[၁] ၉၆၅ ခုနှစ်တွင် ဘုရင်မုရခမိသည် ဂျပန်နိုင်ငံကို စောင့်ရှောက်သည့် နတ်ဘုရားများ (ခမိ) အတွက် အရေးပါသည့် ပွဲတော်များကို ကျင်းပရန် တမန်တော်တောများကို အမိန့်ပေးခဲ့သည်။ ထိုဘုရင့်တမန်တော်များသည် ကနဦးတွင် နတ်ကျောင်း (၁၆) ခုသို့ “ဟဲအိဟခု” ခု ခေါ်ဆိုကြသည့် လက်ဆောင်များကို ဆက်သက်ကြသည်။ ၉၉၁ ခုနှစ်တွင် ဘုရင်အိချိဂျောသည် ကျောင်းတော်နောက်ထပ် (၃) ခုကို ထပ်မံဖြည့်သွင်းခဲ့ပြီး ဤကျောင်းတော်သည်လည်း ထိုစာရင်းတွင် ပါဝင်လာခဲ့သည်။[၂][၃]
၁၈၇၁ ခုနှစ်မှ ၁၉၄၆ ခုနှစ်အထိ ခိတနိုတန်းမန်းဂူးသည် “ခန်းပဲအိ-ချူးရှ” Kanpei-chūsha (官幣中社) များထဲတွင် ပါဝင်ခဲ့သည်။ ခန်းပဲအိ-ချူးရှ ဆိုသည်မှာ အစိုးရကာ ထောက်ပံ့ပေးထားသည့် ဒုတိယအဆင့်ရှိသည့်ကျောင်းတော်များကို ဆိုလိုခြင်း ဖြစ်သည်။[၄]
တန်းဂျင်း
[ပြင်ဆင်ရန်]ပြင်ပလင့်များ
[ပြင်ဆင်ရန်]- Kitano Tenmangū Official web page Archived 2017-11-18 at the Wayback Machine. (in အင်္ဂလိပ်)
- Kyoto Shimbun: Open-Air Tea Ceremony... (in အင်္ဂလိပ်)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Breen, John et al. (2000). Shinto in History: Ways of the Kami, pp. 74-75.
- ↑ Ponsonby-Fane, Studies in Shrines, p. 118.
- ↑ Ponsonby-Fane, Richard. (1962). Studies in Shinto and Shrines, pp. 116-117.
- ↑ Ponsonby-Fane, Richard. (1959). The Imperial House of Japan, pp. 126.